Skip to main content

.ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်..

..ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်.. Posted: 15 Jun 2013 02:52 AM PDT သူငယ်ချင်းတို့ရေ.. နှင်းဆီ စာတွေဖတ်တဲ့အခါကြိုက်တဲ့စာလေးတွေ သူငယ်ချင်းတို့ကိုဖတ်စေချင်တာလေးတွေကို တင်ပေးဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့်ကဗျာလေးက ညိုခက်ကျော်ရဲ့ ကဗျာမဟုတ်...ဆိုတဲ့ကဗျာလေးပါ သူပြောသလို ကဗျာတကယ်မဟုတ်ပါဘူး ခံစားပေးပါဦးနော်... ကဗျာမဟုတ် ခုတစ်လောပိုက်ဆံဆိုတာကြီးက လူကိုဝင်ဝင်ပူးနေတယ်။ ရပ်ဝေးရပ်နီးဆိုတာလည်းပိုက်ဆံ မကင်းရာမကင်းကြောင်းဆိုတာလဲပိုက်ဆံ သာကြောင်းမာကြောင်းဆိုတာလည်းပိုက်ဆံ ဖေဖေလည်းချမ်းမြေ့ပါစေ အားလုံးပဲချမ်းမြေ့ပါစေဆိုတာတွေလည်းပိုက်ဆံ လေယာဉ်ပျံလက်မှတ်ဆိုတာလည်းပိုက်ဆံ အသက်တမျှပါဆိုတာလည်းပိုက်ဆံ။ ပိုက်ဆံရှိရင်တစ်သက်လုံးလူသတ်လာလည်းပဲငြိမ်းချမ်းရေးပွဲစားလုပ်လို့ ရတယ်။ ပိုက်ဆံရှိရင်စစ်ပွဲတွေအားလုံးကိုဝယ်လို့ရတယ်၊ရောင်းလို့ရတယ်။ ပိုက်ဆံရှိရင် ဘ၀အဆက်ဆက် ခရီုနီ ပိုင်းလုံးကောင်လုပ်ခဲ့လည်း ကျေစေ အေးစေ သင်ပုန်းချေ သူကောင်းအပြုခံလိုက်လို့ရတယ်။ ပိုက်ဆံရှိရင် ငြိမ်းငြိမ်းချမ်းချမ်းလေး အကြမ်းဖက်လိုက်လို့ရတယ်။ ပိုက်ဆံရှိရင် စာတစ်လုံးမှမတတ်လည်း ဘွဲ့လက်မှတ်အကြီးကြီးတွေဝယ်ပစ်လိုက်လို့ရတယ်။ ပိုက်ဆံရှိရင် တစ်သက်နဲ့တစ်ကိုယ် စာတစ်လုံးမှမဖတ်ခဲ့သမျှ စာရေးဆရာလုပ်လို့ရတယ်၊ ကဗျာဆရာလုပ်လို့ရတယ်၊ဂျာနယ်လစ်လုပ်လို့ရသလို၊ ဂန္ထ၀င်ပတ်ဘလစ်ရှာကြီးလည်း နေ့ချင်းညချင်းထလုပ်လို့ရတယ်။ ပိုက်ဆံရှိရင် သူ့သမိုင်းကိုယ်ရေး၊ ကိုယ့်သမိုင်းသူရေး ရေးပစ်လိုက်လို့ရတယ်။ ပိုက်ဆံရှိရင် ဘယ်လောက်ပဲပိန်းပိန်း ယဉ်ကျေးပျူငှာ မေတ္တာရှင်မလေးလဲလုပ်လို့ရတယ်။ ပိုက်ဆံရှိရင် တစ်သက်လုံးသောက်တလွဲလုပ်လာသမျှတွေကိုဂျီးနီးယပ်စ်လို့နာမည်ကောက်တပ်လိုက်လို့ရတယ်။ ပိုက်ဆံရှိရင် ဘ၀ဆိုတာအငိုနဲ့စပေမယ့် အငိုနဲ့ဆုံးချင်မှဆုံးမယ်။ ပိုက်ဆံမရှိရင် ခေတ်အဆက်ဆက် သူရဲကောင်းဖြစ်လာခဲ့လည်းသမိုင်းတစ်ကွေ့မှာ အဆိုးမြင်ဝါဒီဖြစ်သွားနိုင်တယ်။ ပိုက်ဆံမရှိရင် ဗလာပွဲမှာတောင်ဟိုးနောက်ဆုံးကမတ်တတ်ရပ် တိုးဝှေ့ကြည့်ရတယ်။ ပိုက်ဆံမရှိရင် လူမြင်မကောင်းအောင်ယိုင်နေတဲ့သမိုင်းကိုပြန်တည့်ဖို့လဲ ကြိုးစားမနေနဲ့တော့ (အင်မတန်ဝမ်းနည်းပါတယ်) ပိုက်ဆံမရှိရင် အင်တာနေရှင်နယ်နဲ့ဂလိုဘယ်လိုင်ဇေးရှင်းဆိုတာကြီးကိုပါးစပ်အလေးခံပြီး ဆက်ငုံထားဖို့စိတ်ကူးမနေနဲ့တော့။ ပိုက်ဆံမရှိရင်ချစ်တာတွေသစ္စာတွေမေတ္တာတွေဆိုတာရွှေမန်းသဘင်မှာ။ ပိုက်ဆံမရှိရင် မိဆွေဆွေ နင်မစားမနေနိုင်တဲ့ ပင်ပျိုရွက်နု လက်ဖက်နဲ့သုံးပြန်ကြော်၊နန်းသပြေ ငါးခြောက်တွေ ခုလို နပ်မှန်အောင်စားနိုင်မှာမဟုတ်။ ပိုက်ဆံမရှိရင် မိဆွေဆွေ နင်အင်မတန်အော်ဂလီဆန်တဲ့ မက်ဒေါနားဘာဂါနဲ့ကော့စကိုပီဇာနေ့ရောညပါကိုက်နေရမယ် (အမယ်လေး တွေးလိုက်တာနဲ့အန်ချင်တယ်) ပိုက်ဆံမရှိရင်မိဆွေဆွေမက္ကဆီကန်တောထဲကနေထွက်နိုင်မှာမဟုတ်။ ပိုက်ဆံမရှိရင် တဲတဲလေးချည်ထားတဲ့ ကိုယ့်ဝိညာဉ်ကြိုးတောင်ကိုယ်ပြန်ဆောင့်ဆွဲချင်တယ်။ တချို့တချို့တွေက ပိုက်ဆံအနည်းအများဆိုတာနဲ့ သိက္ခာဖြောင့်ကြတယ်။သိက္ခာကောက်ကြတယ်။ သိက္ခာဆယ်ကြတယ်။ သိက္ခာကယ်ကြတယ်။ မရယ်ပါနဲ့၊ဒီခေတ် ဒီအခါမှာ ဘ၀ဘ၀တွေကိုချချရေးကြတဲ့အခါ လက်ရေးလက်သားကဒီလိုပဲပေါ့.... တစ်သက်လုံးသိပ်ကြိုက်ခဲ့တဲ့ ..အဆိပ်ငွေကြေး..ဆိုတာနားထောင်လို့ပဲကောင်းပြီး ဆိုလို့ကောင်းတဲ့သီချင်းမဟုတ်ဆိုတာ ဒီနေ့မှမသိရင်ညည်းတရားထူးလွတ်ပြီသာမှတ်။ ။ တွေးတောဆင်ခြင်နိုင်ကြပါစေ။

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…