Skip to main content

စိတ်ကူးပျော်ရာ: အဖေများနေ့ သမိုင်းကြောင်း

စိတ်ကူးပျော်ရာ: အဖေများနေ့ သမိုင်းကြောင်း:

အဖေများနေ့ သမိုင်းကြောင်း



အဖေများနေ့ကို ၁၉၁၀ခုနှစ်ဇွန်လ ၁၉ ရက်နေ့က စတင်ကျင်းပခဲ့သည်။

အဖေများနေ့ ဖြစ်ပေါ်ရန် ကြိုးပမ်းခဲ့သူမှာ အမေရိကန်ပြည်တွင်း စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဝီလီယျံ ဂျက်ဆင်စမတ် ၏ သမီးဖြစ်သူ သာမန်အရပ်သား Sonora Smart Dodd (ဆိုနာစမတ်ဒေါ့) ဖြစ်ပြီး သူမ၏ ဖခင်မွေးနေ့ကို ရည်ညွန်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မိခင်များနေ့ သာရှိပြီး ဖခင်များနေ့ မရှိသေးခြင်းအပေါ် ဆိုနာသည် မှတ်ချက်ပြုမိပြီး အမိမဲ့သော သူမတို့မိသားစုဘဝကို အရွယ်ရောက်သည် ထိ ပြုစုကျွေးမွေးစောင့်ရှောင့်သော ဖခင်အား ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ အမှန် ဖခင်ဝီလီယျံ၏ မွေးနေ့သည် ဇွန်လ ၅ ရက်ဖြစ်သော်လည်း သူမတွင် ပြင်ဆင်ချိန် မရရှိခဲ့ခြင်းကြောင့် ဇွန်လ ၁၉ ရက်နေ့သို့ ပြောင်းလဲ ပြုလုပ်ခဲ့သည်။ သူမသည် ဖခင်များနေ့ကို လူအများလက်ခံစေရန် ကြိုးပမ်းပြီး အမေရိကန်၊ဝါရှင်တန်ဒီစီ အခြေဆိုက် အမျိုးသား အဝတ်အထည်ချုပ်လုပ်သူများအဖွဲ့အစည်းနှင့် ပူးပေါင်းကာ လူသိများရန်ကြိုးပမ်းခဲ့သည်။ သူမ၏ ကြိုးပမ်းမှုကို ဝါရှင်တန်ရှိ လူအများက ဝိုင်းဝန်းလောင်ပြောင် ဝေဖန်ခဲ့ကြသည်။

သို့သော် ဖခင်များနေ့ကို လူဦးရေများများနှင့် စုဖွဲ့ပြီး ဂုဏ်ပြုခြင်းv များ ပြုလုပ်လာသောကြောင့် ၁၉၁၆ခုနှစ်တွင် အမေရိကန်သမ္မတ Woodrow Wilson သည် ဆိုနာတို့ ဖခင်များနေ့ကျင်းပသော ဝါရှင်တန်ပြည်နယ် Spokane မြို့သို့ သွားရောက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာအသိအမှတ်ပြုဖြစ် ရန် ဆွေးနွေးခဲ့သည်။ သို့သော် ကွန်ဂရက်စ်မှ ယင်းအဆိုကို ပယ်ချယ်ခဲ့သည့်အတွက် ဖခင်များနေ့ကို တရားဝင်သတ်မှတ်ရန် နှောင့်နေးခဲ့ သည်။ သို့သော် ကြိုးပမ်းမှု များစွာကြောင့် ၁၉၆၆ခုနှစ်တွင် အမေရိကန် သမ္မတ Lyndon B. Johnson က ဖခင်များနေ့အထိန်း အမှတ် ကို နှစ်စဉ် ဇွန်လ၏ တတိယ စနေနေ့တွင် ကျင်းပရန် သတ်မှတ်လိုက်သည်။

ထို့နောက် ဖခင်များနေ့ ကျင်းပမှုသည် အမေရိကန်နိုင်ငံမှသည် အိမ်နီးချင်းနိုင်ငံ၊ ဥရောပ၊ အာရှ စသည်ဖြင့် တစ်မ္ဘာလုံးအထိ ပြန့်နှံ့ခဲ့ပြီး နိုင်ငံ အများစုက ဖခင်များနေ့ကို ဇွန်လ တတိယ တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ သည်။ သို့သော် အချို့နိုင်ငံများက ဇွန်လ ဆန်းပိုင်းနေ့များကို ရွေးချယ်ပြီး ယနေ့တိုင် ကျင်းပလျက်ရှိသည်။

ဖခင်များနေ့ဖြစ်ပေါ်လာရန် တည်ထောင်ခဲ့သူ Sonora Louise Smart Dodd သည် ချီကာဂို အနုပညာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၄ခုနှစ် တွင် အသက် ၉၄ နှစ်ရွယ်တွင် ကွယ်လွန်ခဲ့သည်။

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…