Skip to main content

စိတ်ကူးပျော်ရာ: ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

စိတ်ကူးပျော်ရာ: ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ


▬▬▬▬▬▬▬▬▬▬▬▬▬▬
သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် "
 


ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက " အဝတ်အစားကို လုံလုံခြုံခြုံ ဖုံးထားပါ ၊ ဒါဟာ ဘဏ်လုယက်နေတာဖြစ်တယ် ။ မုဒိန်းကျင့်ဖို့ မဟုတ်ဘူး " ဒါကို ပရောဖက်ရှင် လို့ ခေါ်ပါတယ် ။ သင်ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ်မှာပဲ အာရုံစိုက်ပါ ။

အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ် ဘဏ်လုယက်သူတွေဟာ အိမ်ပြန်ရောက်တော့ MBA ဘွဲ.ရထားတဲ့ ညီိက မူလတန်းသာ စာသင်ဘူးတဲ့ အကိုဖြစ်သူကို
" အကိုကြီး ၊ ကျွန်တော်တို့ ဘယ်လောက်ရခဲ့သလဲ ပိုက်ဆံတွေ ရေတွက်ရအောင် "
အကိုဖြစ်သူ ပြန်ပြောလိုက်တာက
" မမိုက်မဲစမ်းပါနဲ့ညီရာ ၊ ငွေတွေက အများကြီးပဲ ငါတို့ ရေတွက်ရင် ၊ အရမ်းကြာလိမ့်မယ် ။ ဒီနေ့ည ရုပ်မြင်သံကြား သတင်းမှာ ငါတို့ ဘဏ်က ဘယ်လောက် လုယက်လာတယ်ဆိုတာ ကြေငြာပါလိမ့်မယ် "
ဒါကို အတွေ.အကြုံလို့ ခေါ်တယ် ။ ဒီနေ့ခေတ်မှာ ၊ အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ် ။

မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲပါဘဏ်လုယက်သူတွေ ဘဏ်က ထွက်ခွါသွားတော့ ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှုးကို ရဲကို အမြန်ဆုံးခေါ်ဖို့ ပြောတယ် ။
ဒါပေမဲ့ ကြီးကြပ်ရေးမူးက
" ခဏနေအုန်း ၊ ကျွန်တော်တို့အတွက် ၁၀ သန်းလောက် ခိုးထားရအောင် ။ ပြီးတော့ ကျွန်တော်တို့ ဘဏ်က အလွဲသုံးစားလုပ်ထားတဲ့ သန်း ၇၀ ပါ ပေါင်းလိုက်ကြစို့ "
ဒါကို ဒီရေနဲ့အတူ ကူးခတ်ခြင်းလို့ ခေါ်တယ် ။ မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲနိုင်ခြင်း

သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ်ကြီးကြပ်ရေးမူးက ထပ်ပြောတာက
" ဘဏ်လုယက်သူတွေ လစဉ် ပုံမှန် လာလုရင် သိပ်ကောင်းမှာပဲ "
ဒါကို ပျင်းရိခြင်းကို ချိုးနှိမ်ခြင်းလို့ ခေါ်တယ် ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ် ။

အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ်နောက်တနေ့မှာ ရုပ်မြင်သံကြားသတင်းတွေက ဘဏ်လုယက်သူတွေ ဘဏ်က သန်း ၁၀၀ လုယက်သွားကြောင်း သတင်းကြေငြာကြတယ် ။
လုယက်သူတွေလည်း ငွေတွေကို စတင်ရေတွက်ကြတော့တယ် ။ ဒါပေမဲ့ သူတို့ လုယက်လာတဲ့ ငွေတွေဟာ သန်း ၂၀ ပဲ ရှိတာကိုတွေ.လိုက်ရတယ် ။
ဒီတော့ လုယက်သူတွေဟာ ဒေါသထွက်ပြီး
" ငါတို့မှာတော့ အသက်စွန့်ပြီး အလုပ်လုပ်ခဲ့ပေမဲ့ သန်း ၂၀ ပဲ ရတယ် ၊ ဘဏ်မန်နေဂျာကတော့ လက်ကလေး တချက်လှုပ်တာနဲ့ သန်း ၈၀ ရသွားတယ် ။ ပညာဆိုတာ ခိုးတာထက် ပိုတန်ဘိုး ရှိပါလား "
ဒါကို အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ် လို့ခေါ်တယ်။

ဘဏ်မန်နေဂျာလည်း စတော့ ရှယ်ယာ ဈေးကွက်မှာ ရူံးခဲ့တဲ့ ငွေတွေ ဘဏ် ဓားပြ တိုက်မှုကနေ ပြန်ရလိုက်လို့ ပြုံးပျော်နေတယ် ။ဒါကို အခွင့်အရေး ဖန်တီးခြင်းလို့ခေါ်တယ် ။

ဒါဆို ဒီအဖြစ်အပျက်မှာ ဘယ်သူက တကယ့် သူခိုးလဲ

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…