Skip to main content

Ak pan Sa ki nga Natna Virus te pen Mi hing le Mi hing ki law thei cin Sem lam mipil te gen khia nanei hi..

ကြက်ငှက်တုပ်ကွေး ရောဂါကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်မျိုးကွဲ တစ်ခုဖြစ်သော H7N9 သည် ယခုအခါ လူလူချင်း ကူးစက်နိုင်ကြောင်း ပထမဆုံးအကြိမ် တွေ့ရှိလာခဲ့သည်။ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက ဗုဒ္ဓဟူးနေ့တွင် မိမိတို့ အနေဖြင့် H7N9၏ လူမှလူချင်း ကူးစက်သော ဖြစ်စဉ်တစ်ခုကို ပထမဆုံးအကြိမ် ခြေရာခံ ဖော်ထုတ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ယခင်က H7N9သည် ကြက်ငှက်များမှ လူသို့ ကူးစက်မှုသာ ကြုံရဖူးပြီး ယခုနှစ် မတ်လနောက်ပိုင်း လူပေါင်း(၄၀)မျှကို အသက်ဆုံးရှုံး စေခဲ့ပြီး ဖြစ်သည်။ ယခုကဲ့သို့ ကူးစက်ပုံရင်းမြစ် ပြောင်းလဲ တိုးတက်လာခြင်းသည် H7N9 တုပ်ကွေးဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကြိုးပမ်းနေသည့် ဆေးသုတေသန ပညာရှင်များအတွက် စိုးရိမ်စရာ အခြေအနေ တစ်ရပ်ထံသို့လည်း ဦးတည်လာစေသည်။ မည်သို့ပင်ဖြစ်စေ၊ လက်ရှိ အခြေအနေတွင် H7N9သည် တိရစ္ဆာန်မှ လူသို့ကူးစက်မှုသာ အဖြစ်များပြီး လူလူချင်း ကူးစက်ရန်မှာ ခဲယဉ်းလွန်းဆဲဟု ယူဆနိုင်ကြောင်း တရုတ် သုတေသီများက ဆိုသည်။ "လူတွေအတွက် အရမ်းစိတ်ပူစရာတော့ မလိုသေးပါဘူး"ဟု ကူးစက်ရောဂါဗေဒ ပညာရှင် ချန်ဂျန်ဘိုအာက ပြောကြားခဲ့သည်။ ၎င်းသည် ယင်းရောဂါပိုး အဓိက ပျံ့နှံ့ သက်ရောက်နေသည့် ဂျီအန်ဆု ပြည်နယ်ရှိ ရောဂါတားမြစ် ထိန်းချုပ်ရေး ဌာနတွင် အလုပ်လုပ်နေသူ ဖြစ်သည်။ AFP သတင်းထောက်နှင့် တွေ့ဆုံရာ၌ ဒေါက်တာချန်က "လူလူချင်း ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်အသစ် တစ်ခုကို တွေ့ရှိခဲ့တယ် ဆိုပေမယ့် ဒီလို အလားတူ ဖြစ်နိုင်ခြေမျိုး ကျယ်ပြန့်လာဖို့တော့ သိပ်မဖြစ်နိုင်သေးဘူး"ဟုလည်း ရှင်းပြခဲ့သည်။ H7N9 ဗိုင်းရပ်စ် အနေဖြင့် လူမှလူချင်း လွယ်ကူစွာ ကူးစက်နိုင်အောင် မျိုးဗီဇ ပြောင်းလဲမှုမျိုး ပေါ်ပေါက်လာနိုင်သည်မှာ ပညာရှင်များ အလွန်စိုးရိမ်သည့် အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။ အသက်(၆၀)အရွယ် အမျိုးသားကြီး တစ်ဦးသည် H7N9 ဗိုင်းရပ်စ်ကြောင့် ဆေးရုံတွင် သေဆုံးခဲ့ပြီး ၎င်း၏ ရောဂါပိုးသည် သမီးဖြစ်သူထံ ကူးစက်ခဲ့သည်ဟု ယူဆရသည်။ အသက်(၃၂)နှစ်ရှိ အမျိုးသမီးသည် ဖခင်ကို တစ်ပတ်ကြာမျှ ပြုစုခဲ့ပြီးနောက် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့်ပင် ပြီးခဲ့သည့် သီတင်းပတ်က ကွယ်လွန်ခဲ့သည်။ သူမသည် ယခင်က ကြက်ငှက်များနှင့် ထိတွေ့မှု မရှိခဲ့ရာ ရောဂါပိုး ကူးစက်မှု ရင်းမြစ်သည် ဖခင်ထံမှ ဖြစ်လိမ့်မည်ဟု သုတေသီများက ယုံကြည်ထားသည်။ "အဲဒီသားအဖမှာ အဖေက ကြက်ငှက်ဈေးတွေကို ပုံမှန်သွားဖြစ်တယ်။ သမီးကတော့ လုံးဝ ထိတွေ့မှု မရှိဘူး။ သူတို့နှစ်ယောက်ရဲ့ ဖျားနာမှုက လူလူချင်း ဆက်နွယ် ကူးဆက်မှု ရှိတယ်လို့ ယူဆရပါတယ်"ဟု ချန်က ဆိုသည်။ သေဆုံးသူ သားအဖ နှစ်ဦးထံမှ ဗိုင်းရပ်စ်နမူနာများကို စမ်းသပ်မှုအရ ချွတ်စွပ်နီးပါး တူညီမှု ရှိနေကြောင်းလည်း တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံတွင် တရားဝင် ထုတ်ပြန်သော ကြေညာချက်များအရ H7N9ကြောင့် စုစုပေါင်း သေဆုံးသူ (၁၃၂)ဦးထိ ရှိနေပြီးဖြစ်ကြောင်း သိရသည်။ အခြား ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်မျိုးကွဲများ ဖြစ်ကြသည့် H5N1နှင့် H7N7တို့တွင်လည်း လူမှလူချင်း ကူးစက်မှုမျိုးထံ ဗီဇပြောင်းလဲဖူးရာ H7N9သည်လည်း အလားတူ အခြေအနေမျိုး ဖြစ်ပေါ်လာမည်ကို သိပ္ပံပညာရှင်များက စိုးရိမ်နေခြင်း ဖြစ်သည်။

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…