Skip to main content
Facebook အလွယ်သုံး Short Cut ကီးများ Wednesday, Jul 31 2013 Written by အာကြီး Смесители для душа и ванны Детские игрушки, развивающие игры Print Email Facebook အလွယ်သုံး Short Cut ကီးများ တကယ်သုံးလို့ရပါတယ်။ ပုံမှာ click ထောက်ပြီး Cap lock ဖွင့် L နှိပ်လိုက် တာ ပုံကို Like လုပ်မယ် မလုပ်မယ် confirm ဖြစ်အောင် နောက် တစ်ခါ ထပ်မေးပါတယ်။ Don't ask me again မှာ အမှန်ခြစ်ထားလိုက် ရင် နောက် ဘယ်ပုံကိုပဲ ဖွင့်ပြီး ကြည့်ကြည့် မောက်စ်နဲ့ ရှာ Like စရာ မလိုပဲ ကီးဘုတ် L ကီးနဲ့ Like နိုင်မှာ ဖြစ်ပါတယ်။ Facebook မှာ Short Cut ကီးများစွာ အသုံးပြုလို့ ရပါတယ်။ သို့ပေမယ့် ဒါကတော့ အများစု အသုံးပြုနေကြတဲ့ key တွေပါ။ အခြားသော Short cut ကီးများကိုလည်း ဆိုင်ရာရာ အသုံးပြုလို့ရပြီး စာဖတ်သူတို့ ကိုယ်တိုင် စမ်းသပ် အသုံးပြုနိုင်ပါတယ်။ Ref: techblog ရိုးရာလေးအလုပ်လုပ် နိုင်ကြ ပါတယ်။ မြန်မာပြည်ရဲ့  အိုင်တီလောကဟာ နှေးကွေးလှတဲ့ အင်တာနက်က ဆက်သွယ်ရေး စနစ်ကို မှီခိုနေရဆဲပါ။ နိုင်ငံခြားမှ ပညာရှင် မိတ်ဆွေတစ်ဦးက ဒီလိုပြောတယ်။ “ငါတို့ နိုင်ငံသားနဲ့ မင်းတို့ မြန် မာနိုင်ငံသား ဥာဏ်ရည်လည်း အတူတူပဲ။ ပညာလည်း အတူတူပဲ။ သို့ပေမယ့် မင်းတို့က ငါတို့လောက် မတိုးတက်ဘူး။ အကြောင်းအရင်း ကတော့ Isolated ဖြစ်နေလို့ပဲ” မှန်ပါတယ်။ ယခု နှေးကွေးလှတဲ့ အင်တာနက်လိုင်းကို အသုံးပြုရတာ ဘာနဲ့ တူသလဲဆို လူ တစ်ကိုယ်စာ မရှိတဲ့ တိုးလျှိုပေါက်ထဲကို အားလုံး ဝိုင်းတိုးနေရသလိုပါပဲ။ Bandwidth နည်းလှတဲ့ အင်တာနက် မြန်နှုန်းအပေါ်မှာ ဝန်အား မမျှတဲ့မြန်မာပြည်က User များ ပြေးလွှားနေရပါတယ်။ ဒါတောင် လူဦးရေ သန်း ၆၀ လုံး အင်တာနက် အသုံးပြုနေခြင်း မဟုတ်သေးပါဘူး။ အင်တာနက် တကယ် အသုံးပြုသူ အရေအတွက်က ရန်ကုန်မှာ တစ်ကွက်ထဲ ကွက်များပြီး အခြား အနယ်နယ်၊ အရပ်ရပ်တွေမှာ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ခပ်ကျယ်ကျယ်တူးထားတဲ့ မြောင်းထဲမှာ ရေဆီးတဲ့ ပမာဏ များပြီး ခပ်ကျင်းကျင်း တူးမြောင်းထဲမှာတော့ ရေဆီးတဲ့ ပမာဏ နည်းပါတယ်။ ဒီလိုပါပဲ အိုင်တီ လုပ်သားတို့ ဖန်တီးမှုရလဒ်ကလည်း အကန့်အသတ် တစ်ခုအထိ ရှိနေရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ အိုင်တီသမားများနဲ့ တန်းတူယှဉ်နိုင်ဖို့ အမြဲ Update ဖြစ်ဖို့ မြန်ဆန်ဖို့လိုပါတယ်။ Microsoft , Linux, Java, PHP , Uniz တို့လို နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့ Platform ကို အမှီလိုက်နိုင်ဖို့ဆိုတာ လိုက်မယ့်သူဘက်က အမြဲ Update ဖြစ်နေဖို့လဲ လိုပါတယ်။ ဒါကြောင့် မြန်မာပြည်က အိုတီ သမားများ ပြည်ပမှာ အလုပ်ရှာ ထွက်တဲ့အခါ မျက်စိသူငယ်၊နားသူငယ်ဖြစ်ရခြင်း ဖြစ် ပါတယ်။ ခပ်ကောင်းကောင်း အင်တာနက်လိုင်း အသုံးပြုချင်ရင်တော့ ပိုများတဲ့ငွေကြေးတန်ဖိုးတစ်ခု ပေးရပါတယ်။ ဒါကို နိုင်ငံသားတိုင်း မပေးနိုင်ပါဘူး။ အိုင်တီ ကုမ္မဏီကြီး အားလုံးတောင် အသုံး မပြုနိုင်သေးတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ မြန်မာပြည် အိုင်တီ ကဏ္ဍ တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အခြေခံလိုအပ်ချက်ထဲမှာ Internet Connection ပါဝင်ပါတယ်။ အင်တာနက်လိုင်းကောင်းတော့လဲ တစ်လွဲသုံးကြတယ်လို့ အချို့ က ထင်မြင် ပါတယ်။ အမှန်တော့ နှေးကွေးတဲ့ အင်တာနက်မှာ လုပ်စရာမရှိလို့ ကြံရာမရ လျှောက်စမ်း၊လျှောက်ဝင်၊ လျှောက်လုပ်ရင်း မြန်မာပြည် Internet ကွန်ရက်မှာ အရောင်တွေ ပါလာခြင်း ဖြစ် ပါတယ်။ Internet Privacy law, Policy, Electronic Law အစရှိသဖြင့် ရှေ့ ဆက် မြန်မာပြည်က ရင်ဆိုင်ရမယ့် အခက်အခဲတွေက အများကြီး ရှိနေပါသေးတယ်။ ဒီအတွက်လည်း Human Resources လိုအပ်ပါသေးတယ်။ သို့ပေမယ့် မကြာတော့ပါဘူး။ လက်ရှိ နှေးကွေးတဲ့ အင်တာနက်လိုင်းမှာလည်း အလုပ်ပြီးမြောက်အောင် လုပ်ဖို့က ကိုယ်တာဝန်ပါ။ အဝေးတော့တဲ့ အနာဂတ်မှာ မြန်မာပြည် အိုင်တီကဏ္ဍ ဖွံ့ဖြိုးဖို့ အတွက် မြန်ဆန်တဲ့ အင်တာနက်လိုင်းက လူတိုင်းစေ့ အသုံးပြုလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အောင်ခမ်း (TSJ team)

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…