Skip to main content

Kal Cancer ni te pen Kai suang kam a sia in na le hoih hi cin Sem mipil te in mu khia hi..


ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။ တစ်ပတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် ပြုလုပ်သော ကျန်းမာရေး စစ်တမ်း အစီရင်ခံစားများကို အခြေခံသည့် သုတေသနပြုမှုတွင် အဆိုပါ ရလဒ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသီများသည် လူပေါင်း (၆၀၀၀)နီးပါး၏ နေထိုင်စားသောက်မှု အလေ့အထများနှင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ဆက်စပ်မှုများအပေါ် ခြေရာခံ လေ့လာခဲ့ခြင်း ဖြစ်သည်။ ဂျီယန်ဆူး စီရင်စုရှိ ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာနမှ ပညာရှင်များသည် ကျန်းမာသန်စွမ်းသူ (၄၅၀၀)နှင့် အဆုတ်ကင်ဆာ ရောဂါ ခံစားနေရသူ (၁၄၂၄)ဦးတို့၏ နေ့စဉ်ဘဝ ဖြတ်သန်းခဲ့မှုများကို နှိုင်းယှဉ်ခဲ့ကြသည်။ ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ်ကင်ဆာကို တားဆီးသည့် အဓိက အချက်တစ်ခု ဖြစ်သလို ဆေးလိပ်မသောက်ခြင်းသည်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို (၃၀)ရာခိုင်နှုန်း ဝန်းကျင်မျှ ကျဆင်းစေနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ ယခင် တောင်ပိုင်း ဩစတြေးလျ တက္ကသိုလ်တွင်လည်း ကြက်သွန်ဖြူ စားခြင်းနှင့် ကျန်းမာရေး ကဏ္ဍတို့၏ ဆက်နွယ်မှုကို လေ့လာခဲ့ရာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို (၃၃)ရာခိုင်နှုန်းမျှ လျော့နည်းစေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ဖူးသည်။ ယခုသုတေသန ရလဒ်ကို ကင်ဆာကာကွယ်ရေး သုတေသန ဂျာနယ်တွင် ဖော်ပြခဲ့သည်။ စိတ်ဝင်စားစရာ အချက်တစ်ခု အနေဖြင့် အပူချိန် မြင့်မြင့် ချက်ပြုတ်ရာမှ ထွက်ပေါ်လာသော ဆီခိုးဆီငွေ့များကို ပုံမှန် ရှူရှိုက်မိနေသူမျိုးသည်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သာမန်ထက် ပိုမို စိုးရိမ်ရသည် ဆိုခြင်းဖြစ်သည်။ တရုတ် သုတေသီများက ၎င်းတို့၏ တွေ့ရှိချက် မှတ်တမ်း၏ အဆုံးသတ် ကောက်ချက်တွင် "ကြက်သွန်ဖြူဟာ အဆုတ်ကင်ဆာကို တားဆီးကာကွယ်တဲ့ ဓာတ်ကူပစ္စည်း တစ်ခုအနေနဲ့ တာဝန်ယူနိုင်စွမ်း ရှိပါတယ်"ဟု ဖော်ပြခဲ့ကြောင်းလည်း သိရှိ

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…