Skip to main content

ဝင်းကမ္ဘာကျော် {Full Version & Free Download}: ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ USB Flash/Pendrive ထဲ...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ USB Flash/Pendrive ထဲ...: ကျန်ခဲ့တဲ့ ၃-ရက်လောက်က ဗိုင်းရပ်စ်တွေကြောင့် ကြောင်တောင်တောင်ဖြစ်နေတဲ့ သူငယ်ချင်းစက်ကို ပြင်ပေးရင်းနဲ့ သူ့စက်ကနေ ကျနော့် USB Pendrive 1...

ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ USB Flash/Pendrive ထဲက Data တွေကို CMD Command ဖြင့် ပြန်လည်ဖေါ်ထုတ်ယူနည်း


ကျန်ခဲ့တဲ့ ၃-ရက်လောက်က ဗိုင်းရပ်စ်တွေကြောင့် ကြောင်တောင်တောင်ဖြစ်နေတဲ့ သူငယ်ချင်းစက်ကို ပြင်ပေးရင်းနဲ့ သူ့စက်ကနေ ကျနော့် USB Pendrive 16 GB မှာ ရှော့ကပ်ဗိုင်းရပ်စ်ထိသွားတဲ့ အတွက် အထဲက ဖိုင်တွေ တခုမှ ဖွင့်သုံးလို့ မရတော့ပါဘူး..။ အဲ့ဒီနေ့ကတော့ အဲ့ဒီစက်တလုံးနဲ့ USB 16 GB တခုနဲ့ ၂-ခုပေါင်းလိုက်တော့ တနေကုန်သွားပါတယ်..။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ..။
 16 GB ထဲက ဖိုင်တွေအားလုံးလည်း ဒီနည်းနဲ့ ပြန်လည် ထုတ်ယူလို့ ရခဲ့ပါပြီ..။ အခု ကျနော့် Pendrive မှာဖြစ်သွားသလို တခြားသူများလည်း ဖြစ်ခဲ့ရင် အလွယ်တကူ ဒီနည်းနဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်..။ ဒီဗိုင်းရပ်စ်ထိတဲ့ Flash/Pendrive တွေမှာ ဖိုင်တွေအားလုံးဟာ ရှော့ကပ်ပုံတွေ ဖြစ်သွားမှာ ဖြစ်ပြီး ဖိုင်အားလုံးကို 1kb / 2kb စသဖြင့်သာ မြင်ရတော့မှာ ဖြစ်ပါတယ်..။ ဒီဗိုင်းရပ်စ်က Pendrive ထဲမှာ ရှိနေတဲ့ မူရင်း ဖိုင်တွေကို ဖျောက်ပစ်လိုက်ပြီး ပုံစံတူ ၊ နာမည်တူတဲ့ ဖိုင်တွေကို ရှော့ကပ်တွေ အဖြစ် ပြန်လည်ဖန်တီး ဖေါ်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဖိုင်တွေ အားလုံးကို ရှော့ကပ်ပုံတွေနဲ့ပဲ မြင်ရမှာ ဖြစ်ပြီး တခုမှ ဖွင့်လို့ ရမှာ မဟုတ်တော့ပါ..။

အဲ့လို ဖြစ်သွားရင်တော့ Antivirus တခုခုကို USB Pendrive ထဲ မောင်းထည့်ပြီး ဗိုင်းရပ်စ်ကို အရင်သတ်ပစ်ပါ..။ ဗိုင်းရပ်စ်သတ်ပြီးလည်း ၊ ဗိုင်းရပ်စ်မရှိတော့လည်းပဲ ဒီရှော့ကပ်ပုံ ဖိုင်တွေကို ဖွင့်လို့ မရပါဘူး..။ အခု ဒီပိုစ့်က နည်းကတော့ အဲ့လို ရှော့ကပ်ဖြစ်သွားတဲ့ ဖိုင်တွေကနေ မူရင်းဖိုင်တွေကို ပြန်လည်ဖေါ်ထုတ်ယူတဲ့ နည်းပဲ ဖြစ်ပါတယ်..။

မူရင်းဖိုင်တွေ ပြန်ရလာတဲ့အခါ ရှော့ကပ်ပုံတွေလည်း ရှိနေအုန်းမှာပါပဲ..။ ဒါကြောင့် နေရာလွတ်တခုထဲသို့ မူရင်းဖိုင်တွေကို copy-paste (or) cut-paste နဲ့ ပြောင်းသိမ်းလိုက်ပြီး.. ကျန်တဲ့ ရှော့ကပ်ပုံတွေရှိတဲ့ USB Pendrive ကိုတော့ Format ချပစ်လိုက်ပါ..။ ပြီးမှ ဖိုင်တွေ ပြန်ထည့်သုံးပါ..။ ကျနော်လုပ်သွားတဲ့ ဒီနည်းကို တခြားသူများလည်း အလွယ်တကူ သုံးတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ အစအဆုံး လုပ်တတ်အောင် ပြပေးထားပါတယ်..။ လေ့လာထားလိုတဲ့ သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
  
အပေါ်ပုံအတိုင်း USB Pendrive ထဲမှာ Data တွေ ရှိနေပေမယ့် ဖွင့်ကြည့်လိုက်ရင်တော့ အောက်ကပုံအတိုင်း ရှော့ကပ်ပုံတွေနဲ့ပဲ ပေါ်နေမှာဖြစ်ပြီး ဖိုင်တွေ တခုမှ ဖွင့်လို့ ရမှာ မဟုတ်ပါဘူး..။
ရှော့ကပ်ဗိုင်းရပ်စ်ထိထားတဲ့ USB Pendrive ကို ပြန်ဖြုတ်ထားလိုက်ပါ..။ အောက်ကဆော့ဝဲလ်လေး Run ပြီးမှ စက်မှာပြန်တပ်ပါ..။ ဒီနည်းကို ဖြေရှင်းဖို့ အရင်ဆုံး Autorun ထိန်းတဲ့ ဆော့ဝဲလ်လေးကို အောက်ကလင့်မှာ အရင်သွားယူပြီး မိမိတို့စက်ထဲမှာ ၂-ချက်တောက်ပြီး ထည့်ပေးလိုက်ပါ..။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ..။ 1 MB တောင်မပြည့်ပါဘူး..။
 Autorun Exterminator လေးကို ၂-ချက်တောက်ပြီး ထည့်ပြီးရင်တော့ အပေါ်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ မိမိတို့ ကွန်ပျူတာမှာ USB Pendrive ကို တပ်ထားလိုက်ပါ..။ ပြီးရင် CMD ကို အောက်ကပုံလေးတွေ အတိုင်း ဖွင့်လိုက်ပါ..။
  CMD ဘောက်စ်ပေါ်လာရင်တော့ ဒီစာသားတွေကို ( attrib -h -r -s /s /d [z]:\*.* ) copy-paste နဲ့ ထည့်ပေးလိုက်ပါ..။ အစိမ်းရောင်နဲ့ ပြထားတဲ့ [z] နေရာမှာတော့ မိမိတို့ USB Pendrive ရဲ့ Letter ကို ထည့်ပေးရမှာ ဖြစ်ပါတယ်..။ USB Drive Letter ကိုတော့ အောက်ကပုံအတိုင်း ကြည့်လို့ ရမှာပါပဲ..။ ကျနော့် စက်မှာတော့ (N) လို့ ပြထားပါတယ်..။ CMD ထဲမှာ ထည့်တဲ့ အခါမှာတော့ n စာလုံးအသေးနဲ့ပဲ ရေးထည့်ရမှာ ဖြစ်ပါတယ်..။ မိမိတို့စက်မှာတော့ ပေါ်လာတဲ့ Letter ကို ထည့်ပါ..။
 
အောက်ကပုံအတိုင်း အပေါ်က စာသားတွေကို ထည့်ပြီးသွားရင်တော့ Enter ခေါက်ပေးလိုက်ပါ..။ 
အပေါ်ကပုံအတိုင်း ခဏတော့ကြာတတ်ပါတယ်..။ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Exit နဲ့ ထွက်လိုက်လို့ ရပါပြီ..။ တချို့စက်တွေမှာတော့ Access denied စာသား မပေါ်တတ်ပါဘူး..။ ဘာပဲ ဖြစ်ဖြစ် ကျနော့် USB ထဲက ဖိုင်တွေကို ဒီနည်းနဲ့ ပြန်လည် ဖေါ်ထုတ်ယူလို့ ရသွားပါပြီ..။
အောက်ကပုံအတိုင်း ကျနော့် USB 16 GB ထဲက ဖိုင်တွေကို ပြန်လည် ထုတ်ယူလို့ ရသွားပါပြီ..။ 
ကျနော်ပြန်လည် ဖေါ်ထုတ်ယူပြီးတဲ့ ဖိုင်တွေကို နေရာလွတ်တခုမှာ ပြောင်းသိမ်းလိုက်ပြီး အောက်ကပုံအတိုင်း USB ကို ဖေါ်မတ်ချပေးလိုက်ပါတယ်..။ ဒါကတော့ ကျန်နေတဲ့ ရှော့ကပ်တွေကို တခုစီလိုက်မဖျက်ချင်တော့လို့ အလွယ်ဖေါ်မတ်ချပစ်လိုက်တာပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။ မိမိတို့ အနေနဲ့ USB ကို ဖေါ်မတ်မချလိုပဲ ရှော့ကပ်ဖိုင်တွေကို တခုစီ ဖျက်မယ်ဆိုရင်လည်း ရပါတယ်..။
USB ကို ဖေါ်မတ်ချပြီးမှသာ အောက်ကပုံလေးအတိုင်း ဖိုင်တွေကို ပြန်လည် ပြောင်းထည့်တာ ဖြစ်ပါတယ်..။ ဒီနောက်ပိုင်း အဆင့်တွေကတော့ ကျနော်အသုံးပြုသွားတဲ့ နည်းတွေပဲ ဖြစ်ပါတယ်..။ 
 ဒီနည်းနဲ့ ရှော့ကပ်ဗိုင်းရပ်စ်ဖျောက်ပစ်လိုက်တဲ့ ဖိုင်တွေကို ပြန်လည်ဖေါ်ထုတ်ယူလို့ ရသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေပါစေ..။
 Credit :    www.lwinminbo.blogspot.com

Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…