Skip to main content

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်...

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်...:  မင်္ဂလာပါ.... ဟိုတလောတုန်းက Beini နဲ့ WEP ပတ်စဝေါ့အလစ်သုတ်နည်း ပြောပြပြီးတဲ့နောက် အခုတခါ ဘော်ဘော်တွေက WPA/WPA 2-PSK တွေကိုပါ အလစ်သ...

Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်နည်း အဆင့်ဆင့်


 မင်္ဂလာပါ....

ဟိုတလောတုန်းက Beini နဲ့ WEP ပတ်စဝေါ့အလစ်သုတ်နည်း ပြောပြပြီးတဲ့နောက် အခုတခါ ဘော်ဘော်တွေက WPA/WPA 2-PSK တွေကိုပါ အလစ်သုတ်ချင်လာနေကြတယ်.... အဲ့ဒီတုန်းက Beini 1.2.3 ပဲထွက်သေးတော့ wpa ကိုရယူဖို့ ရာ Distionary Attack နဲ့ ပဲရသေးတော့ အဲ့ဒီမှာ ခေါင်းစားကုန်ကြတယ်.... အဲ့ဟာကြီးက ဘာကြီးမှန်းမသိဘူးပေါ့... အဲ့ဒါနဲ့ ပဲ လက်လျော့လိုက်ရတယ်...

အခုတခါတော့ Beini 1.2.5 ထွက်ရှိလာတဲ့အခါ wpa ပတ်စဝေါ့ကို အလစ်သုတ်ဖို့  Reaver ဆိုတဲ့ဖန်ရှင်ပါလာတဲ့အခါ အရင်လို ခေါင်းမစာတော့ပဲ ကလစ်တစ်ချက်နှိပ်တာနဲ့  အလစ်သုတ်လို့ ရလာတော့ အဲရစ်လို လူပြိန်းငတက်ပြားအတွက် အဆင်ပြေလာတယ်.... ဒါနဲ့ ပဲ တစ်ရက်တော့ မလေးရှားမှာနာမည်ကြီး ယူနီဖိုင်ဆိုတဲ့ wpa2-psk ပတ်စဝေါ့ကို အလစ်သုတ်ကြည့်မိတယ်..... ဒါနဲ့ ပဲ နေ့ လည် ၁၂ နာရီလောက်မှာ စပီး ခိုင်းတော့တာပဲ...... တစ်နေကုန်လွှတ်ထားလိုက်တယ်... ဖြစ်ချင်တာဖြစ်ဆိုပြီး.... ညနေ ၅ နာရီလောက် ကြည့်လိုက်တော့ ၃၀ % ပဲရှိသေးတယ်..... ဒါနဲ့ ဆက်လွှတ်ထားလိုက်တယ်..... ည ၁၀ နာရီကျပြန်တော့ ၅၅ % ... စောင့်ကြည့်မနေတော့ပဲ လွှတ်ထားလိုက်တော့တယ်.... မနက်မိုးလင်းကြည့်လိုက်တော့ ပတ်စဝေါ့ရပြီးဖြစ်နေတယ်.... မနက် ၃း၁၅ မှာရနေပြီးဖြစ်ပြီးတော့ ၉၂.၈၆ % မှာ ပတ်စဝေါ့ထွက်တာကိုတွေ့ ရတယ်..... ဆိုတော့ နာမည်ကြီး ယူနီဖိုင်ကို အလစ်သုတ်တာ ၁၅ နာရီလောက် ကြာတယ်လို့ ပြောရမယ်.....

နောက်တခါ ယူနီဖိုင်မဟုတ်ပဲ ရိုးရိုးလိုင်း wpa2-psk ကျတော့ ကြာချိန် ၇ နာရီရှိတယ်.... ဒါကြောင့် wpa2-psk ကိုအလစ်သုတ်ဖို့ ကြာချိန် အနည်းဆုံး ၇ နာရီကနေ အများဆုံး ၁၆ နာရီလို့ ဆိုလိုရမယ်ထင်တယ်.... စိတ်ရှည်ဖို့ နဲ့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်မယ်ဆို အဆင်ပြေပြေနဲ့ အလစ်သုတ်နိုင်မှာပါ....

အခုအဲရစ်ပေးမယ့်နည်းလမ်းက Xiaopan ဆိုတဲ့ iso လေးနဲ့  မိတ်ဆက်ပေးမယ်..... Beini နဲ့ တူတူပဲ.... သူ့ ကို ဒေါင်းပီးတော့ CD တစ်ချပ်လုပ်.... ပီးရင် CD ကနေ Boot တက်ပေးဖို့ ပဲ..... ဒေါင်းဖို့ က အောက်က လင့်မှာနော်.... 68MB ရှိတယ်...
CD ကတော့ လူတိုင်နီးပါးလုပ်တတ်လို့ မပြောပြတော့ဘူး.... အဲ.... CD ရှာရခက်တယ်... လောလောဆည် မရှိသေးဘူးဆိုရင်လဲ USB Pendrive နဲ့ လဲ အဆင်ပြေပါတယ်..... Pendrive ကို bootable လုပ်ဖို့ ကျတော့ အောက်မှာ ဒေါင်းလိုက်.... 5MB ရှိတယ်....
ဒေါင်းတဲ့အခါ ပြန်ရှာရလွယ်အောင် desktop ပေါ်မှာပဲသိမ်းထားတာ ကောင်းပါတယ်....
၂ခုစလုံး ဒေါင်းပီးပီဆိုရင် ပထမဦးဆုံး bootable pandrive လုပ်ဖို့ အတွက် unetbootin ကိုဖွင့်ပါ....

အောက်ကပုံစံအတိုင်း ၁း Diskmiage ကို click နှိပ်ပါ.... ၂း မျှားပြထားတဲ့နေရာကိုနှိပ်ပီး ခုနက ဒေါင်းထားတဲ့ Xiaopan ကို ရှာပီးရွေးပေးပါ.... ၃း pendrive ရဲ့ တည်နေရာပါ.... ပီးရင်တော့ ၄ အတိုင်း Ok နှိပ်ပါ....

အောက်ကပုံကတော့ bootable pendrive လုပ်နေတာပါ... ပီးရင်တော့ Reboot Now ကိုနှိပ်လိုက်ပါ... 

Boot ပြန်တက်လာရင် ကျွန်တော်တို့ က Boot Order ပြန်ပြောင်းပေးရပါမယ်.... အဲရစ်စက်က boot order ပြောင်းဖို့  F12 ကိုနှိပ်ရပါတယ်.... စက်အမျိုးအစားအလိုက် Boot order ပြောင်းရင် နှိပ်ရတဲ့ခလုတ် မတူညီပါဘူး... Desktop ကျပြန်တော့ F11. ဒါလဲ ပုံသေပြောလို့ မရပါဘူး.... အဲရစ်စက်ကတော့ Acer ပါ.... ဒါကြောင့် Boot တက်တက်ချင်း F12 ကိုနှိပ်ပါတယ်....
အောက်ကပုံကတော့ Boot Order ထဲဝင်သွားပုံပါ...

ရောက်သွားရင် USB ရဲ့ တည်နေရာနံပါတ်ကိုကြည့်ပါ... နံပတ် 3 ဖြစ်တဲ့အတွက် နံပတ် 3 ဆီအောက်မြှားနှိပ်သွားပြီး Enter ကိုနှိပ်ပါ....

အော်တို Boot လုပ်ပေးပါလိမ့်မယ်...

boot လုပ်ချိန် ခဏလေးစောင့်ပါ.... 
Xiaopan ထဲ ရောက်သွားပါပြီ...

ရောက်သွားရင် အောက်ကပုံမှာပြထားတဲ့အတိုင်း minidwep-gtk ကို နှိပ်ပါ...

Ok ကိုနှိပ်ပါ....

တကယ်လို့ စက်မှာ wireless card တစ်ခုထက်ပိုတပ်ထားရင် wlan0 ဆိုတာကိုနှိပ်ပီး wireless ကိုရွေးချင်ရွေးနိုင်ပါတယ်.... တစ်ခုထက်ပိုရင် wlan0, wlan1, wlan2 စသဖြင့် မြင်ရပါမယ်.... ကြိုက်နှစ်သက်ရာ ကဒ်ကိုရွေးချယ်ပါ... 

မြှားပြထားတာကိုနှိပ်ပီး WEP or WPA/WPA2 စဖြင့်လည်း ရွေးချယ်နိုင်ပါတယ်... အခုက WPA2 ကိုအလစ်သုတ်မှာဖြစ်လို့  ရွေးချယ်စရာ မလိုပါ....

ပီးရင်တော့ Scan နှိပ်ပါမယ်...

Scan လုပ်ပီး လိုင်းတွေတက်လာပုံပါ.....

မြင်ရတဲ့ လိုင်း၂လိုင်းမှာ အပေါ်ကလိုင်းက WPA2-PSK ဆိုပြီး နောက်မှာ Client Address နဲ့  wps ဆိုတာပါတယ်....
အောက်ကလိုင်းက WPA နောက်မှာ wps ပဲပါတယ်....
ဘာထူးခြားလဲဆိုတော့ အနောက်မှာ wps ပါတဲ့လိုင်းတွေက အလစ်သုတ်ရတာလွယ်တယ်....
အဲ့ထဲကမှ အပေါ်ဆုံးကလိုင်းလို Client Address လဲပါမယ်.... သုနောက်ကမှ wps ပါတဲ့လိုင်းဆို ပိုအသေချာဆုံးပါပဲ....
ဒါကြောင့် အပေါ်ဆုံးကလိုင်းကို click နှိပ်ပီး Reaver ကိုနှိပ်လိုက်ပါ.....

Ok ကိုနှိပ်ပါ...

Ok နှိပ်ပီးတဲ့နောက် စတင် အလုပ်လုပ်နေပါပြီ.... Trying Pin ဆိုပြီး ဂဏန်းလေးတွေတက်နေပါမယ်....

ပုံမှာမြင်ရတဲ့အတိုင်း 0.04% ကို ၃၆ စက္ကန့် ကြာတယ်ဆိုတော့ ၁၀၀% ဖြစ်ဖို့ တော်တော် အချိန်ယူရမှာပါ....
အဲရစ်စမ်းသပ်ပီးသလောက်တော့ ၉၂% ကျော်ကျော်လောက်မှာ ပတ်စဝေါ့ ထွက်ပါတယ်.....

အောင်မြင်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းထွက်လာပါမယ်.... အားလုံးကို ရေးမှတ်ထားဖို့ လိုပါတယ်.... အလည်က WPA PSK က သုပတ်စဝေါ့ပါ.... ဒါကတော့ Beini 1.3.5 ရဲ့ နမူနာပုံစံပါ... အဲ့လိုမြင်ရပါ့မယ်.... ၉၅% မှာ ပတ်စဝေါ့ထွက်ကြောင်းလဲ လေ့လာမှတ်သားမိပါတယ်...

အခုဆိုရင် အားလုံလိုချင်နေတဲ့ wpa/wpa2-psk ကိုအောင်မြင်စွာ အလစ်သုတ်နိုင်ပြီဖြစ်လို့  မလေးရှားက သူငယ်ချင်းတွေ အကန့် အသတ်မရှိ သုံးနိုင်တဲ့ သာမာန်လိုင်းတွေထက် ပိုမြန်တဲ့ ယူနီဖိုင် ဆိုတာကြီးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... အကန့် အသတ်မရှိသုံးနိုင်တော့ သူလဲမသိသာတော့ဘူးပေါ့.....
အဓိကကတော့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်ဖို့ နဲ့  စိတ်ရှည်ရှည်နဲ့ ဇွဲမလျော့ပဲ မနားတမ်း ထိုးဖောက်ရမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်....

ခင်တဲ့..

အဲရစ် ( Eric Kim ) 


Comments

Popular posts from this blog

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

စိတ်ကူးပျော်ရာ: ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး
ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး (မလွယ်ကျောပဲနော် )
Tuesday, March 19, 2013

လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝ လွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ
နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ် ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလို
ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေ…

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း - THIT HTOO LWIN

ဆီးကျောက်တည် ရောဂါကို ကာကွယ်ခြင်း
ဆီးကျောက်တည်ခြင်းကို ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုလို့ ပြောရင် တစ်ဝက်တော့မှန်ပါ တယ်။

Uolithiasis (Renal Stones) လို့ခေါ်တဲ့ ဆီးကျောက်တည်ရော ဂါ ဖြစ်ပွား ရတဲ့ အကြောင်း ရင်းတွေကို လေ့လာကြည့်တဲ့ အခါ အဓိက အုပ်စု ကြီးနှစ်ခုရှိပါတယ်။

ပထမ အုပ်စုကတော့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ ရောဂါတစ်ခုခုကြောင့် ဆီးကျောက်တည် ခြင်းဖြစ်ပါတယ်။

ဥပမာ Parathyroid လို့ ခေါ်တဲ့ ဂလင်းက အလုပ်တွေ ပိုလုပ်လို့ သွေးထဲမှာ Calcium လို့ ခေါ်တဲ့ ထုံးဓာတ်တွေ များလာ ပြီး ကျောက်တည် တာမျိုးပေါ့။ ဒါမျိုးကိုတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ သမားတော်များက ရောဂါ ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကြိုတင် ကာကွယ်ဖို့ မလွယ်ကူပါဘူး။

ဒုတိယအုပ်စုကတော့ နဂိုဘာရောဂါမှ မရှိဘဲ အနေအထိုင် အစား အသောက် မှားယွင်း နေလို့ ဆီးကျောက်တည် ရောဂါ ဖြစ်ပွား ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးနဲ့ အရေအကြီးဆုံး ပြောချင်တဲ့ အချက်ကတော့ ရေများ များသောက် ဖို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့ တဲ့အတွက် ကျောက် တည်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

သာမန်လူ တစ်ယောက် အတွက် တစ်နေ့ ၃ လီတာလောက် သောက်သင့် ပါတယ်။ …

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း

ဝင်းကမ္ဘာကျော် {Full Version & Free Download}: Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း: Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန...
Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်းSunday, September 29, 2013Aungko Htet1 comment Network အကြောင်းလေးနည်းနည်းပြောကြမယ်ဗျာ။ Router ကို Configuration လုပ်နည်းလေးကို ကျွန်တော်ရေးထားတာမဟုတ်ပါဘူး။  Network အကြောင်းက ဘာမှပြန်မစမ်းကြည့်တော့ မေ့နေပြီဗျ။  ပြန်လေ့လာရင်းတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ရပါတယ်ဗျာ။
မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ္တာကေ…